စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ သာယာဝတီကျေးရွာသား ကိုအောင်မင်းကို မြို့နယ်တရားရုံးက အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုအောင်မင်းကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထောင်ဒဏ်ပေးခဲ့တာဖြစ်ပြီး တရားခံအောင်မင်းဟာ PDF သင်တန်းတက်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာကြောင့် ထောင်ဒဏ် ချမှတ်ခဲ့တာလို့ စစ်ကောင်စီက ဆိုပါတယ်။
မိသားစုဝင်နဲ့နီးစပ်သူတွေကတော့ ကိုအောင်မင်းဟာ PDF တပ်ဖွဲ့ဝင် တဦး မဟုတ်ဘဲ ဆောက်လုပ်ရေး သံချည်သံကွေးလုပ်သား ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုအောင်မင်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ကလေးမြို့ထဲ ဈေးဝယ်သွားစဉ် မြို့သာရပ်ကွက် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။