Home
မြန်မာသတင်း
နိုင်ငံကျော်အဆိုတော် တွံတေးစိုးအောင် စျာပန
DVB
·
March 11, 2023
331737751_208927848453900_2652659085263747054_n
331720046_868187854280645_8291228597641945044_n
331691676_1270059397241876_3922844486199073861_n
331671160_604596951077512_9039993970183089877_n
331668190_6252510491476965_6200225992951207632_n
331627089_606263884265045_2967417129140523389_n
331612865_945738436780686_6044079043948499569_n

မယ်ဒလင်သံစဥ်တွေနဲ့အတူ မြန်မာတေးသီချင်းတွေနဲ့ ကျော်ကြားခဲ့တဲ့ တေးရေးတေးဆို အနုပညာရှင် တွံတေးစိုး အောင်ရဲ့ စျာပနအခမ်းအနားကို ရန်ကုန်မြို့က ထိန်ပင်သုသန်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီ ကျင်းပခဲ့ပါတယ်။

တွံတေးစိုးအောင်ဟာ မတ် ၉ ရက်န မနက်က ဦးဏှောက်သွေးကြောပျက်ပြီး အသက် ၆၁ နှစ်အရွယ်မှာ ကွယ်လွန်သွားတာပါ။

တေးသီချင်းများစွာကို ကိုယ်တိုင်ရေးကိုယ်တိုင်တီးကာ  မယ်ဒလင်တလက်တည်းနဲ့ သီဆိုခဲ့တဲ့ အဆိုတော်တွံတေး စိုးအောင်ဟာ တောရောမြို့ပါ ပရိသတ်အားပေးလက်ခံမှုကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။

တွံတေးစိုးအောင်ရဲ့ ပထမဆုံး တကိုယ်တော်စီးရီးက "ကိုကိုလို့ခေါ်ပါ " ဆိုတဲ့ တေးစီးရီး အပါအဝင် တေးစီးရီးပေါင်း ၁၀၀ ကျော်လောက်ရှိခဲ့တယ်လို့ သိရပါတယ်။

တွံတေးစိုးအောင်ကို တွံတေးမြို့နယ်၊ ကျုံးကြီးရပ်ကွက်မှာ  တောင်ယာလုပ်ငန်းလုပ်ကိုင်တဲ့ မိဘနှစ်ပါးက မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024