Home
မြန်မာသတင်း
ဆိပ်ဖြူမြို့နယ်က စစ်ဘေးရှောင်ထောင်ချီ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေ
DVB
·
March 6, 2023
333473631_226734213062015_4720947864928096552_n

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရေထွက်ကျေးရွာနဲ့ အုံးမှင်ကျေးရွာက စစ်ဘေးရှောင် ၁၀၀၀ ဝန်းကျင်အတွက် သောက်သုံးရေအခက်ခဲ ကြုံနေတယ်လို့ ကျေးရွာပကဖ တာဝန်ရှိသူက ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုက ဒီဇင်ဘာလအတွင်းမှာ ရေထွက်ကျေးရွာကို စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံရွာသားတွေ စစ်ရှောင်နေရတာ လေးလကြာမြင့်လာပြီလို့ ဆိုပါတယ်။

ကျေးရွာပကဖတာဝန်ရှိသူက"ရေက သောက်သုံးရေသန့်ဖို့ အရေးကြီးနေတာ။ လူတယောက်ကို ငါးဂါလန်ပုံးတပုံးလောက်ပဲ ထမ်းနိုင်ကြတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် ရေကအရေးပေါ်လိုအပ်နေတာ။ နွေရာသီက ရေရှားတဲ့အချိန်ဆိုတော့ ရေကလည်း တမိုင်လောက်သွားခပ်ရတယ်" လို့ ပြောပါတယ်။

ရေထွက်ကျေးရွာနဲ့ အုံးမှင်ကျေးရွာကစစ်ရှောင်တွေက သောက်သုံးရေရရှိဖို့အတွက် ရွာအနီးနားထိ ပြန်ပြီးရေသယ်ရတာကြောင့် စစ်ကြောင်းပြန်ဝင်လာချိန် အန္တယ်ရာယ် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ရေတွင်းတတွင်းတူးဖို့အတွက် ကျပ် ၁၅ သိန်း ဝန်းကျင်ကုန်ကျနိုင်ပြီး ရေတွင်းတူးဖို့ ပိုက်တွေ စျေးတက်နေတာကြောင့်လည်း ဝယ်ယူဖို့လည်း အခက်အခဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024