စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက် လမ်းဆုံမီးပွိုင့်မှာ မတ် ၂ ရက် ည ၈ နာရီက စစ်ကောင်စီလှည့်ကင်းကားကို မိုင်းဆွဲဖို့ ပြင်နေတဲ့ PDF နှစ်ယောက် ကိုယ်တိုင်မိုင်းကွဲပြီး သေဆုံးခဲ့တယ်လို့ Indaw Revolution IR က ထုတ်ပြန်ပြောပါတယ်။
အင်တော်တော်လှန်ရေးအဖွဲ့နဲ့ နီးစပ်သူက "မိုင်းကွဲပြီး အသက် ၂၀ အရွယ် ရဲဘော် နှစ်ယောက် ကျဆုံးသွားပါတယ်။ စစ်ကောင်စီအဖွဲ့ ကင်းလှည့်တဲ့ကားကို တိုက်ခိုက်ဖို့ မိုင်းထောင်နေတုန်းမတော်တဆဖြစ်ပြီး ပေါက်ကွဲတာ" လို့ ပြောပါတယ်။
သေဆုံး လူငယ် နှစ်ယောက်ရဲ့အလောင်းကို မတ် ၃ ရက် မနက် ၇ နာရီမှာ ရဲတပ်ဖွဲ့ဝင်တွေက လာ သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့နယ်မှာ ဖေဖော်ဝါရီ ၇ ရက်က ဒေသခံအမျိုးသား တယောက်ကို PDF လို့စွပ်စွဲပြီး အင်းတော်စစ်ခုံရုံးက ထောင်ဒဏ် တသက်တကျွန်းချခဲ့ပါတယ်။