Home
မြန်မာသတင်း
စစ်တွေပွိုင့်ကမ်းခြေသို့ စစ်ခေါင်းဆောင် လာရောက်ရန်ရှိသဖြင့် ကမ်းခြေဈေးဆိုင်များကို ပိတ်ခိုင်း
DVB
·
February 26, 2023
332849829_612519007556533_5376792411492530345_n

ရခိုင်ပြည်နယ်၊ စစ်တွေပွိုင့်ကမ်းခြေကို ဖေဖော်ဝါရီ ၂၆ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ ကမ်းခြေတလျှောက်မှာရှိတဲ့ ဈေးဆိုင်တွေအားလုံး ၂ ရက်ပိတ်ခိုင်းထားတယ်လို့ ကမ်းခြေဈေးသည်တွေက ပြောပါတယ်။

ဈေးသည်တဦးက "ဒီနေ့ စည်ပင်နဲ့ ထွေအုပ်က လာပြောတယ်။ မင်းအောင်လှိုင် ခရီးစဥ်ရှိတယ်။ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့ ၂ ရက် ဆိုင်တွေ အားလုံးပိတ်ထားဖို့ လာပြောတယ်"လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူ တဦးက "ခရီးစဥ်တော့ ရှိတယ်။ ဘယ်နေ့ ဆိုတာကို အတိအကျ စာမထုတ်သေးဘူး။ မင်းပြားနဲ့ မြေပုံ ဝန်ကြီးချုပ်ခရီးစဥ်ကိုတော့ ဖျက်လိုက်တယ်။ လာဖို့တော့ သေချာသလောက်ဖြစ်နိုင်တယ်။"လို့ ​ဆိုပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ ပြည်နယ် ဝန်ကြီးတွေရဲ့ ဖေဖော်ဝါရီ ၂၃ ရက်  ကျောက်ဖြူ၊ သံတွဲ၊ ဂွ ခရီးစဥ်အပြီး ဖေဖော်ဝါရီ ၂၅  မင်းပြား  ၊မြေပုံ ခရီးစဥ်ကို  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာမှာဖြစ်တဲ့အတွက် ဖျက်သိမ်းလိုက် ပါတယ်။

ပြည်နယ်ကောက်စီဝင် တဦးက "မြို့တချို့က နေရာ အတော်များများကို သွားမယ်လို့တော့ သိရတယ်။ ဘယ်နေရာတွေသွားမလဲ့တော့ အတိအကျ စာ မထုတ်ပြန်သေးဘူး"လို့ ပြောပါတယ်။

ရခိုင်ပြည် သံတွဲမှာ ဇန်နဝါရီလက သုံးရက်ကြာကျင်းပတဲ့ ၈ ကြိမ်မြောက် ထိုင်း- မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများကော်မတီအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းစစ်ဦးစီးချုပ်တို့ လာရောက်ခဲ့ကြပြီး အခုတဖန် စစ်တွေမြို့ကို လာရောက်မှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024