Home
မြန်မာသတင်း
သပိတ်ကျင်းမြို့နယ်က ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
DVB
·
February 25, 2023
331563764_730840438653459_4464831382796927547_n

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း ပျူစောထီးတွေ အခြေစိုက်တဲ့ ဧရာဝတီမြစ်ကမ်းဘေးက ပုဏ္ဏားကြီးကျေးရွာကို ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၁၂ နာရီခွဲက ဒရုန်းနဲ့ ဗုံးသီး ချ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်လင်းယုန်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပ.က.ဖ) ဆီက သိရပါတယ်။

အခုလို ဗုံးချတိုက်ခိုက်ခံရပြီးနောက် ပျူစောထီးတွေက တောင်ကုန်းတွေပေါ်  ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း သိရပြီး တိုက်ခိုက်မှုကြောင့် ပျူစောထီးတွေရဲ့ သေဆုံး ထိခိုက်မှု အခြေအနေ ကို စုံစမ်းနေတယ်လို့ ဗိုလ်လင်းယုန်က ဆိုပါတယ်။

ဗိုလ်လင်းယုန်က "သပိတ်ကျင်း၊ စဉ့်ကူး စကစ လက်ဝေခံ လုပ်နေတဲ့ ပျူစောထီးမှန်သမျှ အလင်းဝင်တာ မရှိဘူး။ ဒီလို ဆက်လက်သွားနေမယ်ဆိုရင်တော့  ဒီထက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ပဲ ရှိတာပေါ့"လို့ ဆိုပါတယ်။

လတ်တလောမှာ ရွာပတ်လည်ရှိ‌ တောင်ကုန်းတွေပေါ်မှာ ပျူကင်းတွေ ထားရှိထားသလို ပျူစောထီး သင်တန်းတွေ ဆက်လက်  ပေးနေတာကြောင့် ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာလို့ ဗိုလ်လင်းယုန် တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024