Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ဒု-ရဲမှူးဟန်ဆောင်ပြီး ငွေလိမ်တောင်းသူ ဖမ်းဆီးခံရ
DVB
·
February 24, 2023
333039216_3140073802950984_2989004537692896445_n

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကော့ခနိကျေးရွာက မုဒုံ-မော်လမြိုင်သွား ကားလမ်းပေါ်မှာ ရဲအရာရှိအယောင်ဆောင်ပြီး ငွေကြေးလိမ်လည်တောင်းခံသူ မျိုးမြင့်အောင် (ခ) စိုင်းဝဏ္ဏ ဆိုသူကို ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနက ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ နီးစပ်သူတွေက ပြောပါတယ်။

မော်လမြိုင်မြို့ အပါအဝင် မွန်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ ရဲအရာရှိတဦးက အမှုကိစ္စတွေ လွတ်မြောက်အောင် ကူညီပေးမယ်လို့ ပြောဆိုပြီး ငွေကြေးတောင်းခံနေတယ်လို့ သတင်းရရှိတဲ့အတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှ ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဲဒီ ဒုရဲမှူးအယောင်ဆောင် မျိုးမြင့်အောင် (ခ) စိုင်းဝဏ္ဏကို သူနဲ့အတူပါလာတဲ့အိတ်နဲ့ အိတ်အတွင်းမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ဘက်တံဆိပ် တပ်ဆင်ထားတဲ့ ပုခုံးနှစ်ဖက်ပေါ် ငွေရောင်ကြယ်သုံးပွင့်ပါ ယူနီဖောင်းအင်္ကျီ ၁ ထည်၊ လက်ထိပ် စတဲ့ ရဲအသုံးအဆောင် ပစ္စည်းတွေနဲ့အတူ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ် ၁၂ နာရီလောက်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မျိုးမြင့်အောင် (ခ) စိုင်းဝဏ္ဏကိုဟာ မွန်ပြည်နယ်ထဲက ဌာနဆိုင်ရာလူကြီးတွေရဲ့ နာမည်တွေကို သုံးပြီးတော့ အမှုကိစ္စတွေက လွတ်မြောက်ဖို့ ကူညီပေးမယ်လို့ ပြောပြီး ငွေကြေးတောင်းခံမှုတွေ ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်ခဲ့ပြီး အဆိုပါတရားခံကို ဥပဒေအရ အရေးယူနိုင်ဖို့ မောင်လမြိုင်မြို့မရဲစခန်းကို ခေါ်ဆောင်ပြီး စစ်ဆေးနေတယ်လို့ လတ်တလော သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024