Home
မြန်မာသတင်း
ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်တွက် ထိုင်းရောက်မြန်မာများနှင့် ပအဖက ထောက်ပံ့
DVB
·
February 21, 2023
332571538_503615861959744_7367838677946484129_n

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဇီးဖြူကုန်းကျေးရွာကို စစ်တပ်က ပျူစောထီးရွာအဖြစ် သတ်မှတ်လိုက်လို့ လက်မခံနိုင်ဘဲ ထွက်ပြေးလာတဲ့ ရွာသား ၄၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၉ ရက်က ပြည်ပအလှူရှင်တွေနဲ့ ပုလဲပအဖက ထောက်ပံ့ကူညီ‌ဆောင်ရွက်ပေးခဲ့တယ်လို့ ပုလဲ ပအဖ က ထုတ်ပြန်ပြောဆိုပါတယ်။

ထိုင်းရောက် မြန်မာနိုင်ငံသားများ စည်းလုံးညီညွတ်ရေးအဖွဲ့က လှူဒါန်းတဲ့ အလှူငွေ ၅၂၀,၀၀၀ ကျပ်ကို ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာက ထွက်ပြေးလာခဲ့တဲ့ စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်အတွက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

ရွာကို စွန့်ခွာခဲ့ကြတာ ၁ နှစ်ကျော်ကြာခဲ့ပြီး စားဝတ်နေရေး အခက်အခဲတွေ ရှိနေကြလို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇီးဖြူကုန်း စစ်ဘေးရှောင်ပြည်သူ‌တွေကို ဆန် အိတ် ၂၀၊ အဝတ်အထည်၊ ဆီ ၅ ပုံးနဲ့ မင်းတိုင်ပင်ရွာက မီးရှို့ခံခဲ့ရတဲ့ အိမ်ထောင်စု ၈ စုကို ဆန် ၈ အိတ် ထောက်ပံ့ခဲ့တယ်လို့ ပုလဲပအဖ တာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ပုလဲမြို့နယ်၊ နွယ်အင်းရွာက ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကို စစ်ကောင်စီတပ်သား‌တွေက မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024