မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ကရင်နီပြည်၊ ဖရူဆို ရှေ့တန်းတော်လှန်ရေးတပ်အတွက် ထောက်ပို့ကမ်ပိန်းဟာ အင်တာနက်အခက်အခဲကြောင့် ရာခိုင်နှုန်းပြည့်မီဖို့ ၇၀ ရာခိုင်နှုန်းလိုအပ်နေ သေးတာမို့ ပြည်သူတွေအနေနဲ့ ကူညီပါဝင်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
ဖရူဆိုရှေ့တန်းမှာ နေ့မအားညမနား ပင်ပန်းခက်ခဲစွာ တာဝန်ထမ်းဆောင်နေကြတဲ့ ရှေ့တန်းရဲဘော်တွေအတွက် ပြုလုပ်တဲ့ ဒီကမ်ပိန်းကိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်က စတင်ပြီးတော့ ရောင်းချခဲ့ တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အင်တာနက်အခက်အခဲကြောင့် ပြည်သူတွေကြား သိရှိအောင် ချပြနိုင်ဖို့ အားနည်းချက်ရှိနေခဲ့တာမို့ ခုတခါမှာတော့ WE ARE KNDF ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ကတဆင့် ဖေဖော်ဝါရီ ၁၅ ရက်ကနေ စတင်ရောင်းချနေတာ ဖြစ်ပါတယ်။
ကံစမ်းမဲအစီအစဥ်အနေနဲ့ ပထမဆုကို ကရင်နီပြည်(ကယား)လွိုင်ကော်မြို့တွင်းက ပေ ၅၀ × ပေ ၉၀ ဂရန်ပေါက်မြေကွက်၊ ဒုတိယဆုအနေနဲ့ ရွှေလက်စွပ်တစ်ကွင်း၊ တတိယဆုအနေနဲ့ ဂစ်တာတစ်လက်၊ နှစ်သိမ့်ဆုအနေနဲ့ ကရင်နီရိုးယာဝတ်စုံ (၉မျိုး/၉ထည်) သတ်မှတ်ထားပြီး ကံစမ်းမဲလက်မှတ် ၁ စောင်ကို မြန်မာငွေကျပ် ၁၀၀၀၀ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။