ကရင်ပြည်နယ် ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက်ဂိတ်စခန်းကို ဖေဖော်ဝါရီ ၁၁ ရက် မနက် ၅ နာရီခွဲက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ကို သွားရောက် ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့က ရဲဘော် ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ထက် မနည်း သေဆုံးခဲ့ပေမဲ့ ထပ်မံအတည်ပြုနေဆဲလို့ သိရပါတယ်။
စစ်ကောင်စီဘက်ကနေ လက်နက်ငယ်အတို (၁) လက်၊ MA3 (၂) လက်၊ ကျည်ဘောက် (၄) ခု၊ RPG 7 အသီး (၁) လုံး ကို သိမ်ဆည်း ရရှိခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး အပြင် လေကြောင်းမှ တိုက်ခိုက်တာတွေ လုပ်နိုင်တာကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။
ကော့ကရိတ်မြို့ ဝန်းကျင်မှာ ဖြတ်သန်းသွားလာသူတွေအနေနဲ့ သတိနဲ့ သွားဖို့ ကျားဖြူစစ်ကြောင်း နဲ့ပူးပေါင်းအဖွဲ့တွေက သတိပေးထားပါတယ်။