မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈လမ်းရှိ မန္တလာသီရိအားကစားကွင်းအရှေ့ဘက်က ရဲကင်း ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ်က လက်ပစ်ဗုံး နဲ့ တိုက်ခိုက်ခံရပြီး ၄ ယောက် ဒဏ်ရာရခဲ့ တယ်လို့ အောင်စည်တော်စစ်ဆင်ရေးက ထုတ်ပြန်ပါတယ်။
ရဲကင်းထဲ လက်ပစ်ဗုံးပေါက်ကွဲတာကြောင့် ဗိုလ်တယောက်အပါအဝင် ၄ ယောက် ဒဏ်ရာရ ခဲ့တယ်လို့ သိရပါတယ်။
အနီးနားရပ်ကွက်နေ ဒေသခံတဦးက "ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ ထိတဲ့သူတွေကို မန္တလေးဆေးရုံကို ပို့ထားတယ်"လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၉ ရက်က ချမ်းမြသာစည်မြို့နယ် ရွှေတချောင်းလမ်း၊ သံတောင်ရုံးကို ပစ်ခတ် တိုက်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်က ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ အမှုလိုက် ရှေ့နေ ကိုသန်းထွန်းအောင်၊ စာချုပ်ရှေ့နေ မယဥ်မာဝင်း၊ ရိုးရိုးရှေ့နေ ကိုဝင်းကျော်စိုးကို စစ်ကောင်စီတပ်က PDF တွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။