Home
မြန်မာသတင်း
လူ့အခွင့်အရေးလှုပ်ရှားသူ နန့်ဇိုယာဖန်းက ဗြိတိန်ဘုရင်ကို မြန်မာပြည်အခြေအနေပြောပြ
DVB
·
February 10, 2023
Nant Zo Yar Phan meet King Charles

ဘားမားကမ်ပိန်းယူကေအဖွဲ့ရဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုမန်နေဂျာ နန့်ဇိုယာဖန်းဟာ  ဖေဖော်ဝါရီ ၁ ရက်က ဗြိတိန်ဘုရင် ချားလ်စ်နဲ့ ခဏတာ စကားပြောခွင့်ရခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံနဲ့ ကရင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တင်ပြ ပြောဆိုခဲ့ပါတယ်။

ဗြိတိန်အစိုးရရဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာနကနေတဆင့် ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ ဖိတ်ကြားမှုနဲ့ လန်ဒန်မြို့ ဘက်ကင်ဟန်နန်းတော်မှာကျင်းပတဲ့  ဗြိတိန်နိုင်ငံ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုတဲ့ အရှေ့နဲ့ အရှေ့တောင်အာရှဒေသက လူမျိုးစုတွေနဲ့ တွေ့ဆုံတဲ့ ဧည့်ခံပွဲတခုမှာ အခုလို ဗြိတိန်ဘုရင်နဲ့ တွေ့ဆုံခဲ့တာပါ။

ဒီလိုဧည့်ခံပွဲကို တက်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပီတိဖြစ်မိသလို ဗြိတိန်အစိုးရနဲ့ ဗြိတိန်ဘုရင်ကနေပြီး သူတို့ရဲ့လှုပ်ရှားမှုတွေကို အသိအမှတ်ပြုတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ နန့်ဇိုယာဖန်းက ကရင်မီဒီယာတခုမှာ ပြောပါတယ်။

“ဗြိတိန်ဘုရင်ကို ကျမအနေနဲ့ ဒီ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ၊ အထူးသဖြင့် မြန်မာစစ်အာဏာရှင်တွေရဲ့ လူထုအပေါ် အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်ညှဉ်းပန်းနှိပ်စက်မှုတွေကို တင်ပြခွင့်ရလို့ ဝမ်းသာတယ်။ ဘုရင့်အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့အခြေအနေကို ကောင်းကောင်းသိတယ်။ သူက မြန်မာနိုင်ငံအကြောင်း စိတ်ဝင်တစား စောင့်ကြည့်နေတယ် ဆိုတာကို ပြောတယ်။ ကျမတော့ သူ့ကို ကျေးဇူးတင်တယ်။ နောက်ပြီးတော့လည်း ဘုရင့်အနေနဲ့ ကရင်လူမျိုးအကြောင်းကို ကောင်းကောင်းသိတဲ့အကြောင်း ပြောပါတယ်။”

အရင် မင်းသားဘဝကလည်း လူ့အခွင့်အရေးလှုပ်ရှားသူ နန့်ဇိုယာဖန်းကို ဗြိတိန်ဘုရင် ချားလ်စ်က တကြိမ်တွေ့ဆုံခဲ့ပြီး ဒီတကြိမ်မှာလည်း လူ့အခွင့်အရေးလှုပ်ရှားသူ နန့်ဇိုယာဖန်းကို မှတ်မိကြောင်း ဘုရင်ချားလ်စ်က ပြောဆိုခဲ့တယ်လို့ နန့်ဇိုယာဖန်းက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024