Home
မြန်မာသတင်း
ပဲခူးမြို့တွင် ဗုံးပေါက်ကွဲမှု ၅ ကြိမ်ဖြစ်
DVB
·
February 8, 2023
327270893_1352699755303884_1666839617687539297_n
327392177_712214173885313_5828903854153217286_n
326796497_1587688111697669_6946612918431724688_n

ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်သုံးခုမှာ ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီက ဗုံးပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ခဲ့ပြီး  ဒီနေ့မနက်ပိုင်းမှာလည်း ရှင်စောပုအုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့အပစ်ခံရလို့ စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီနေ့မနက်အစောပိုင်းက ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးနဲ့အပစ်ခံရပြီး လက်လုပ်ဗုံးမှာ မပေါက်ကွဲသေးတဲ့အတွက် စစ်တပ်က လာရောက်သိမ်းဆည်းသွားတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ညကလည်း ဗုံးတွေဆက်တိုက်ပေါက်တယ်။ အခု ဗုံးနဲ့အပစ်ခံရတဲ့ ရပ်ကွက်ပဲ။ သုံးကြိမ်ပေါက်တယ်၊ ထရန်စဖော်မာနားမှာ၊ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိဘူး။ ဒီနေ့မနက် ဗုံးနဲ့ ထပ်အပစ်ခံရတော့ စစ်တပ်က အကုန်စစ်ဆေးတာ။”

မနေ့ညက ဗုံးပေါက်ကွဲခဲ့တဲ့ နေရာတွေကတော့ မဇင်းရပ်ကွက် မဟာစေတီကန်ကျောင်းအနီး တကြိမ်၊ ရှင်စောပုရပ်ကွက် ဆိုရှယ်လစ် ၉ လမ်းနဲ့ ဦးဘိုနီလမ်းမှာ သုံးကြိမ်၊ ပုဏ္ဏားစုရပ်ကွက် ပုဏ္ဏားစု ၈ လမ်းထိပ်မှာ တကြိမ် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ပဲခူးမြို့ပေါ်ရှိ လမ်းဆုံလမ်းခွတွေမှာ ကား၊ ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024