ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်၊ ဗစ်တိုးရီးယားစခန်းကို ဇန်နဝါရီ ၁၁ ရက် ဒီနေ့ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ အပြာရောင်လေယာဉ် ၃ စင်း ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဂျက်တိုက်လေယာဉ်တွေ အပေါ်ကနေ အတွဲလိုက်ပစ်သွားပြီး အဝေးကနေ ဖုန်မှုန့်တွေ မီးခိုးလုံးတွေပဲ မြင်ရတယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ လောလောဆယ် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်၊ ဗစ်တိုးရီးယားစခန်းကို ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခွဲလောက်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ တပ်ဦး တပ် ဖွဲ့ဝင် ၅ ယောက် ကျဆုံးခဲ့ကာ အိမ်ရာ အဆောက်အဦတွေ ထိခိုက်ပျက်စီးသွားပါတယ်။