Home
မြန်မာသတင်း
ဘီးလင်း ပစ်ခတ်မှု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ
DVB
·
January 11, 2023
Bee Lin
323420022_861355268515923_3763562199846565035_n
324441254_1236214403970142_2892002368449228565_n

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေအင်တုံကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် ပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၀ ရက် မွန်းတည့် ၁၂ နာရီအချိန်က သထုံမြို့နယ်ကနေ ဘီးလင်းမြို့နယ်ထဲ မောင်းဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

အချိန် ၁ နာရီခွဲကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီ ကား ၂ စီးထိခိုက်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေအဆိုအရ အဲဒီပစ်ခတ်မှုကို စစ်ကောင်စီ အမှတ် (၃၁၄) အမြောက်တပ် နဲ့ ခမရ(၃) တပ်ရင်းတွေက စစ်ကူသွားပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ခရီးသွားကား ရာနဲ့ချီ ပိတ်မိခဲ့သလို ဒီနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပုံမှန်အတိုင်း သွားလာကြနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024