Home
မြန်မာသတင်း
တောင်ကိုရီးယားရောက် မြန်မာလုပ်သား ၁ ဦး ရထားတိုက်ခံရပြီး သေဆုံး
lusane
·
January 9, 2023
324092916_872620740645064_8055789980997517706_n

တောင်ကိုရီးယားနိုင်ငံမှာ မြန်မာအလုပ်သမားတဦး ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းမှာ ရထားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ တောင်ကိုရီးယားရောက် မြန်မာ့အရေး ကူညီနေသူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၂ နှစ်အရွယ် ကိုဝေယံနောင် ဆိုသူဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိတာ လပိုင်းပဲရှိသေးတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၈ ရက် မနက် ၆ နာရီခွဲလောက်မှာ ဘူဆန်ကနေ ဆိုးလ်ကိုသွားမယ့်ရထားနဲ့ ချိတ်မိပြီး နေရာမှာတင် သေဆုံးသွားတာလို့ ကိုရီးယားသတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။

ကိုရီးယားနိုင်ငံက မြန်မာအလုပ်သမားအရေး ကူညီနေသူတဦးက “ကိုယ့်နိုင်ငံသားတယောက်ဖြစ်နေတော့ စိတ်မကောင်းဘူး။ မတော်တဆဖြစ်မှုလို့တော့ ရဲက သတင်းထုတ်ထားတယ်” လို့ ပြောပါတယ်။

တောင်ကိုရီးယားသတင်းဌာနတွေကတော့ သေဆုံးသူဟာ ဘူတာအတွင်း လူတွေမသွားလာဖို့ ကန့်သတ်သတိပေးထားတဲ့နေရာ ရောက်သွားပြီး ရထားနဲ့ ချိတ်ဆွဲမိရာက သေဆုံးခဲ့ရတာလို့ ဖော်ပြထားပါတယ်။

ဘူဆန်ရဲတပ်ဖွဲ့က ကိုဝေယံနောင် သေဆုံးမှုကို အသေးစိတ် ပြန်လည်စုံစမ်းနေတယ်လို့ သတင်းဌာနတွေကို ပြောကြားထားပါတယ်။

ကိုဝေယံနောင်ဟာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ကနေ သွားရောက်အလုပ်လုပ်သူ ဖြစ်တယ်လို့ သူနဲ့ရင်းနှီးသူတွေက လူမှုကွန်ရက်မှာ ပြောထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024