Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် ကင်းစစ်သားများနှင့်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ ၅ ဦးသေဆုံး
DVB
·
January 7, 2023
000000000

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁)၊တပ်ခွဲ-၄ စက်ြာဒေသကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

သရက်ကန်ရွာနဲ့ ကိုင်းတောမနယ်မြေရဲစခန်းကြား ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ ရှေ့ပြေးစစ်သား ၁၀ ယောက်ကို မနေ့ မနက် ၁၀ နာရီလောက်မှာ မိုင်းပွိုင့် ၉ နေရာခွဲပြီး တိုက်ခိုက်ခဲ့တယ်လို့  အဲဒီတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်စက်ြာက ပြောပါတယ်။

“မြိုင် စက်မှု(၂) ကို ပို့နေတဲ့ ရေပိုက်လိုင်းနဲ့ လျှပ်စစ်မီးတိုင်ကို ပြုပြင်ဖို့ ဇန်ဝါရီ ၅ ရက် ညနေပိုင်းမှာ ပခုက္ကူကနေ ကား ၄ စီးနဲ့ သရက်ကန်ရွာကို ရောက်နေတာ။ မနက်မိုင်းလင်းတော့ အဲဒီယဥ်တန်းတွေ ဖြတ်ဖို့ ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်သား ၁၀ ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။”

အဲဒီတိုက်ခိုက်မှုကို ဒေသခံပူပေါင်းတပ်ဖွဲ့က ရဲဘော်တွေ အထိခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၅ ရက် ညနေကလည်း မြိုင်မြို့ မြောက်ဘက်နဲ့အနောက်ဘက် ဂိတ်တွေကို  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ  ၇ ယောက် ထိမှန်ကာ အဲဒီထဲက ၂ ယောက် သေဆုံး၊ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

နှစ်ဘက်အပြန်အလှန် ၁၅ မိနစ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပေမဲ့ ရဲဘော်တွေ ထိခိုက်မှု မရှိဘဲ  ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မြိုင်မြို့မှာ မြို့ဝင်၊မြို့ထွက်ဂိတ်တွေနဲ့ အချက်ချာနေရာတွေမှာ စစ်ကောင်စီတပ်က နေ့စဥ်ရက်ဆက် ပိတ်ဆို့စစ်ဆေးကာ ခရီးသွားတွေကို PDF၊ PDF ထောက်ပံ့သူ၊ မမှန်သတင်းရေး သားဖြန့်ဝေသူလို့ စွပ်စွဲကာ ဖမ်းဆီးနေတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ပခုက္ကူမြို့နယ် ကန်တော်ရွာစာသင်ကျောင်းရှေ့မှာ ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ် တွေကို စစ်ဆေးနေတဲ့ စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုင် ပ.က.ဖ က သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024