Home
မြန်မာသတင်း
တွံတေးမြို့နယ်၌ အငှားယာဉ်မောင်း ၁ ဦး နောက်ပြန်ကြိုးတုပ် ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့
DVB
·
January 7, 2023
323575197_1333343570776403_437460156680390183_n

ရန်ကုန်တိုင်း၊  ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မှာ ပျောက်ဆုံးနေတဲ့  အငှားယာဉ်မောင်း အမျိုးသားတယောက်ကို  ဇန်နဝါရီ ၅ ရက်က တွံတေးမြို့နယ်အတွင်း နောက်ပြန်ကြိုးတုပ် ဒဏ်ရာတွေနဲ့  သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့ထံက သိရပါတယ်။

အငှားယာဉ်မောင်း ကိုကျော်ဝင်းထွန်းဟာ  ဇန်နဝါရီ ၄ ရက်က အငှားယာဥ်နဲ့ ပစ္စည်းလိုက်ပို့သူ ဖြစ်ပြီး ညပိုင်းမှာ မိသားစုနဲ့အဆက်အသွယ်​ပြတ်ကာ ပျောက်ဆုံးသွားခဲ့တာပါ။

သူ့ကို  ဇန်နဝါရီ ၅ ရက် ည ၉ နာရီမှာ တွံတေးမြို့နယ် မမျိုးစုရွာနဲ့ကင်းရွာကြား မလက်တို-ခတ္တိယ လမ်းပိုင်းမှာ လက်ကို နောက်ပြန်ကြိုးတုပ် မျက်နှာဖူးရောင်ဒဏ်ရာတွေနဲ့ သေဆုံးလျက် ပြန်တွေ့ရှိခဲ့ပါတယ်။

သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတ အဖွဲ့တာဝန်ရှိသူ တဦးက "ကိုယ်တုံးလုံးချွတ် အနေအထားနဲ့ သူဝတ်ထားတဲ့ ပုဆိုးနဲ့ လက်ကို နောက်ပြန်တုပ်ထားတယ်။ ပါးစပ်နဲ့ မျက်နှာကိုလည်း အဝတ်နဲ့စည်းထားတယ်။ ထိုးသွင်းဒဏ်ရာတော့ မရှိဘူး။ မျက်နှာမှာတော့ ဖူးရောင်ဒဏ်ရာ တွေ့တယ်။ အသက်ရှူကြပ်ပြီး သေသွားတာ ဖြစ်နိုင်တယ်။ လမ်းဘေးမှာ စွန့်ပစ်ထားတဲ့အနေအထားပါ”လို့ ပြောပါတယ်။

ကိုကျော်ဝင်းထွန်းဟာ အငှားယာဥ်နဲ့ ပစ္စည်းလိုက်ပို့တာ တလဝန်းကျင်ပဲ ရှိသေးတယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တွံတေးမြို့နယ်မှာတွေ့ရတဲ့ ကိုကျော်ဝင်းထွန်းရဲ့ ရုပ်အလောင်းကို ပရဟိတအဖွဲ့က လှိုင်သာယာဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်ကလည်း ထောက်ကြန့်မြို့နယ်မှာ အငှားယာဥ်မောင်း တယောက် အသတ်ခံရပြီး ကားလုခံရမှု ဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024