Home
မြန်မာသတင်း
ဖားကန့် ဆယ်ဇင်းရွာစစ်ရှောင်များ ရာသီတုပ်ကွေးဖြစ်ပြီး ဆေးဝါးအကူအညီလိုအပ်နေ
DVB
·
January 6, 2023
322207216_1356589815109613_6235856808018768467_n

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက စစ်ဘေးရှောင်တွေဟာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လက လေယာဉ်နဲ့ ဗုံးကြဲခံခဲ့ရတဲ့ ဆယ်ဇင်းရွာက စစ်ဘေးရှောင်တချို့ဟာ ရာသီတုပ်ကွေးရောဂါ အပါအဝင် တခြားရောဂါ‌တွေ ခံစားနေရပြီး ဆေးဝါးကုသမှု လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တဦးက “ဗုံးကြဲခံရလို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ နေကြရတယ်။ တဝက်လောက်က တုပ်ကွေးရောဂါအပါအဝင် တခြားရောဂါတွေဖြစ်ပြီး ဆေးကုသဖို့ လိုအပ်နေတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရလို့ နေအိမ်မီးလောင် ဆုံးရှုံးခဲ့တဲ့ ဆယ်ဇင်းကျေးရွာက ဒေသခံ ၅,၀၀၀ ကျော်ဟာ ဖားကန့်မြို့နယ်ထဲက မှော်စီဆာ၊ ဆိုင်းတောင်၊ ဟောင်ပါး၊ တာမခံ စတဲ့ ကျေးရွာတွေက ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ နေထိုင်ရင်း ရောဂါဖြစ်ပွားပြီး ဆေးကုသဖို့ လိုအပ်နေတာပါ။

စစ်ဘေးရှောင် ၅,၀၀၀ ထဲက ၂,၀၀၀ ကျော်လောက်ဟာ ရာသီတုပ်ကွေး အပါအဝင် ဝမ်းပျက် ဝမ်းလျှောရောဂါ၊ နှာစေးချောင်းဆိုးရောဂါနဲ့ ပန်းနာရင်ကျပ် စတာတွေဖြစ်နေပြီး ရောဂါ ခံစားနေရသူတွေကို ကုသပေးဖို့ ဆေးဝါးလိုအပ်နေတယ်လို့ ဆေးဝါးလိုက်လံကုသပေးနေတဲ့ လူမှုကူညီရေး လုပ်ဆောင်နေသူတဦးက ပြောပါတယ်။

ခုလိုအခြေအနေမှာ စစ်ဘေးရှောင်တွေအနေနဲ့ ဆေးဝါးအပြင် စားနပ်ရိက္ခာ၊ စောင်နဲ့ အနွေးထည်တွေပါ လိုအပ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024