Home
အနုပညာ
“ဖိုးမောင် ပြန်လာပြီ” တော်လှန်ရေးရုပ်ရှင် လက်မှတ်ဝယ်အားနည်းနေ၊ ရန်ပုံငွေ ကျပ်သိန်း ၃၀၀၀ မျှော်မှန်းထား
DVB
·
January 5, 2023
Phoe Maung come back

“ဖိုးမောင် ပြန်လာပြီ” တော်လှန်ရေးရုပ်ရှင်ကနေ ရန်ပုံငွေ ကျပ်သိန်း ၃၀၀၀ လောက် ရရှိဖို့ မျှော်မှန်းထားပေမဲ့ လတ်တလောအချိန်အထိ လက်မှတ်ဝယ်ယူအားပေးသူနည်းနေလို့ အားပေးကြဖို့ ရန်ပုံငွေရှာအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

တော်လှန်ရေးရန်ပုံငွေရှာဖွေရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Padaythar Pin - ပဒေသာပင်အဖွဲ့က “ကျနော်တို့ဒီဇာတ်ကားလေးအတွက် အချိန် ၃ လကျော်ယူပြီးစီစဉ်ရိုက်ကူးခဲ့ရပါတယ်။ ဒါပေမဲ့ လက်မှတ်ရောင်းအားက ထင်သလောက် မတက်လာတဲ့အတွက် နည်းနည်းတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ကျနော်တို့ ရည်ရွယ်ချက်က ရှင်းပါတယ်၊ ကျနော်တို့ စစ်ကြောင်းအပါအဝင် ဒေသအတွင်းက တော်လှန်ရေးအဖွဲ့အစည်းတွေ အတွက် ရန်ပုံငွေရှာဖွေဖို့ပါ။ ဒီလိုရန်ပုံငွေရှာဖွေတဲ့နေရာမှာလည်း ပြည်သူဆီက အလှူငွေကို ဒီတိုင်းလက်ခံရမှာထက် ကျနော်တို့ ကြိုးစားဖန်တီးထားတဲ့အရာလေးကို ပြည်သူတွေ အပန်းဖြေနိုင်အောင်ပြန်ပြီး ပေးဆပ်ချင်တဲ့ဆန္ဒနဲ့ တိုက်ပွဲတွေ၊ မပြည့်စုံမှုတွေကြားထဲက ဖန်တီးထားရတာဖြစ်ပါတယ်။ အပျော်အပါး ပွဲလမ်းသဘင်တွေလည်း ပြီးပြီဆိုတော့ ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း နည်းနည်းပြန်ပြီး အာရုံစိုက်ပေးကြပါဦးခင်ဗျာ။” လို့ ပြောထားပါတယ်။

ဒီကားကတော့ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာကြီးမင်းသုဝဏ်ရဲ့ "ဖိုးမောင် လာပြီ" ဆိုတဲ့ ကဗျာကိုကျောရိုးယူပြီးတော့ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်နေကြတဲ့ ဒေါနတော်လှန်ရေးရဲဘော်တွေက ရိုက်ကူးထားခဲ့တာပါ။ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအဖြစ် တပ်စုမှူး တိုက်မောင်းက တာဝန်ယူရိုက်ကူးထားတာဖြစ်ပြီး ဒေါနစစ်ကြောင်းထဲမှာရှိတဲ့ ရဲဘော်တွေရော၊ တော်လှန်ရေး နယ်မြေထဲက ရဲဘော်တွေပါ စုပေါင်းသရုပ်ဆောင် ဖန်တီးထားကြတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

တော်လှန်ရေးအတွက် ရန်ပုံငွေ ရရှိနိုင်ဖို့ ဖန်တီးတင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားလက်မှတ် တစောင်ကိုတော့ မြန်မာငွေကျပ် ၂၀၀၀၀ နှုန်း သတ်မှတ်ထားပြီး စင်ကာပူဒေါ်လာ ၁၂ ဒေါ်လာ၊ အမေရိကန်ဒေါ်လာ ၁၀၊ ထိုင်းဘတ် ၃၀၀ စသဖြင့် သတ်မှတ်ထားပြီးတော့ သက်ဆိုင်ရာ နိုင်ငံတွေအလိုက် Fundraiser တွေကတဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဖိုးမောင်ပြန်လာပြီ” ရုပ်ရှင်ကို  ရန်ပုံငွေပွဲအဖြစ် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ လာမယ့် ဇန်နဝါရီ ၁၄ ရက်နေ့  ပွဲချိန်  ၂ ပွဲ ပြသဖို့ အစီအစဉ်ရှိနေပါတယ်။

“ဖိုးမောင်ပြန်လာပြီ” ရုပ်ရှင် ပြသမယ့် ပွဲစဉ်တွေ၊ လက်မှတ်ဝယ်ယူနိုင်မယ့် Fundraiser တွေနဲ့ အချိန်အသေးစိတ်ကိုတော့ ဖော်ပြပါ လင့်ခ်တွေကတဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

🇲🇲 Myanmar 🇲🇲

Lucky2PDF

https://www.facebook.com/lucky2pdf

SR-21 Myanmar Support

https://www.facebook.com/profile.php?id=100070135953566

CDM Medical Network

https://www.facebook.com/cdmmn

Messenger 👉 http://m.me/cdmmn

April Roungni

https://www.facebook.com/CDM-and-IDPs-Supporting-Team.../

🇸🇬 SG 🇸🇬

We Are One

https://www.facebook.com/WeR1.sgsupport

Khine SG

https://www.facebook.com/khine.singapore?mibextid=LQQJ4d

The Myanmar People's Spring - ပြည်သူ့နွေဦး

https://www.facebook.com/TMPSfundraiser/

CSC - Singapore

https://www.facebook.com/CSC-Citizen-Support-Center...

🇺🇸US 🇺🇸

Spring Myanmar Society

https://www.facebook.com/SpringMyanmarSociety

Boston Free Burma

https://www.facebook.com/groups/3669963659763924

Helping Hands for Burma- H2B

https://www.facebook.com/H2BNYC/

🇬🇧 UK 🇬🇧

Uk2myanmar

https://www.facebook.com/profile.php?id=100080052974876

Click To Fight - UK

https://www.facebook.com/ClickToFightUK

Pyit Tine Htaung - UK

https://www.facebook.com/pyittinehtaunguk/

🇹🇭 Thailand 🇹🇭

Lucas Elias

https://www.facebook.com/profile.php?id=100081906817110...

နွေဦးထောက်ပို့&Support to Spring-mft/ehm

https://www.facebook.com/Supporting.mft.ehm?mibextid=ZbWKwL

တော်လှန်ကျန်းမာအနာဂတ်တို့ကမ္ဘာ

https://www.facebook.com/healthrevolutionnugaac

🇯🇵Japan🇯🇵

Nagoya ဗြဟ္မာစိုရ်နှလုံးသားပရဟိတအသင်း

https://www.facebook.com/brahmasohnalonether

Together with Satomi

https://www.facebook.com/togetherwithsatomi?mibextid=ZbWKwL

🇹🇼 Taiwan 🇹🇼

台灣聲援緬甸聯盟 Taiwan Alliance for Myanmar

https://www.facebook.com/TaiwanAllianceforMyanmar

🇨🇦 Canada 🇨🇦

2022 Bottle Depot အကောက်ခွန်

https://www.facebook.com/bottledepotminmin

🇲🇾 Malaysia 🇲🇾

နွေဦးထောက်ပို့&Support to Spring-mft/ehm

https://www.facebook.com/Supporting.mft.ehm?mibextid=ZbWKwL

🇰🇷 Korea 🇰🇷

GMSR Korea 글로벌 미얀마 봄혁명 연대 -တကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေး

https://www.facebook.com/gmsr.korea/?mibextid=ZbWKwL

🇮🇪 Ireland 🇮🇪

CRPH Funding Ireland

https://www.facebook.com/CRPH-Funding-Ireland.../

🇳🇱 Netherlands 🇳🇱

Burma Matters

https://www.facebook.com/BurmaMatters

CRPH Support Group (Norway)

https://www.facebook.com/crphsupportgroupnorway

ပြည်သူ့ဂုဏ်ရည်အသင်း (UAE)

https://www.facebook.com/citizenofburmaawardmiddleeastregion

International Association Myanmar Switzerland

https://www.facebook.com/International-Association...

Ma Boke (Australia)

https://www.facebook.com/north.more.37

We love Myanmar

https://www.facebook.com/GenZRevolution2021/

🌐 Global

One-to-One CDM Campaign

https://web.facebook.com/OneToOneCDMCampaign

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024