ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၊ မယ်တော်ရွာမှာ တိုင်းရင်းသားစုံညီပွဲတော်နဲ့ ထိုင်းယိုင် (ရှမ်း) နှစ်သစ်ကူးပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ၂ ရက်တိုင် ကျင်းပနေပါတယ်။
တိုင်းရင်းသားစုံညီပွဲမှာ ရှမ်း၊ ကရင်၊ ပအိုဝ်း၊ မြန်မာ၊ လားဟူနဲ့ မွန် စတဲ့ တိုင်းရင်းသားတွေနဲ့ မဲဆောက်ရောက် ရွှေ့ပြောင်းလုပ်သားတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ဒီနေ့မနက်ပိုင်းမှာတော့ ရာဟု ထမနဲထိုးပွဲနဲ့ မြန်မာရိုးရာ ခြင်းအလှခတ်ပွဲ၊ ချောတိုင်တက်ပွဲနဲ့ တခြားအားကစား ပြိုင်ပွဲတွေကိုလည်း ကျင်းပသွားပါတယ်။
မယ်တော်ရွာ တိုင်းရင်းသားပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၂ နှစ်ကြာ ရပ်နားထားရာက အခုနှစ် ဒီဇင်ဘာလလမှာ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပတာ ဖြစ်ပါတယ်။