Home
မြန်မာသတင်း
ရေစကြို၊ ဗျည်းဘရွာ၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် နေအိမ် ၆၀ ကျော်ကို မီးရှို့
DVB
·
December 18, 2022
319895239_1180956539521599_8740771155397139784_n

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဗျည်းဘရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒီဇင်ဘာ ၁၇ ရက် မနက် ၁၀ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

ဗျည်းဘရွာအနောက်ဘက်က ဘုန်းကြီးကျောင်းက ထွက်လာတဲ့ စစ်​ကြောင်းကို လက်နက်ကြီး တွေအပြင် ဒရုန်းနဲ့ အီနာဂါချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"သူတို့ စစ်ကြောင်းထိုးနေတာ မနေ့တည်းက။ သူတို့ ဘုန်းကြီးကျောင်းမှာ စခန်းချနေလို့  မတိုက် ခိုက်ခဲ့တာ။ ဒီနေ့ သူတို့ ဘုန်းကြီးကျောင်းက အထွက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။"

လက်နက်ကြီး၊ အီနာဂါအပြင် အနီးကပ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၅ ယောက်ထက်မနည်း ထိခိုက်နိုင်ပြီး စစ်ကြောင်းဟာ ဘုန်းကြီးကျောင်းထဲ ပြန်လည် ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

ရွာနားမှာ မနေ့ မနက် ၁၀ နာရီလောက်က ဒေသကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ပွဲဖြစ်လို့ လက်နက်ကြီး လက်နက်ငယ်သံတွေ ကြားရတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့လို့ နေအိမ် ၆၀ ကျော် လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ဗျည်းဘရွာကို ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာတာကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး ဇူလိုင် ၂ ရက်က လည်း စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ  ၆၁ လုံး မီးလောင်ခဲ့ တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024