Home
မြန်မာသတင်း
မန္တလေး ငလျင်လှုပ်ကြောင့် စေတီဘုရားအချို့ စိန်ဖူးတော်မြေခ၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ပျက်စီး
DVB
·
December 15, 2022
320225127_516903996871573_2929401686181638361_n

မန္တလေးတိုင်း၊ တံတားဦးမြို့ကို ဗဟိုပြုပြီး  ဒီဇင်ဘာလ ၁၅ ရက် ဒီမနက် ၃ နာရီကျော်က လှုပ်ခတ်ခဲ့တဲ့ အင်အာအသင့်အတင့်ရှိ မြေငလျင်ကြောင့် စေတီဘုရားတချို့ စိန်ဖူးတော်မြေခ ပျက်စီးတာနဲ့  ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တချို့ အက်ကွဲပျက်စီးတာတွေရှိခဲ့ပါတယ်။

ငလျင်ကြောင့် မန္တလေးရှိ ဒက္ခိဏာဝန်ကျောင်းတိုက်၊ သိမ်ကျောင်းအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော် ဦးခေါင်းတော် မြေခတာ၊ ပြည်ကြီးတံခွန်မြို့နယ် ခန္တောတိုက် မဏိရတနာကျောင်းဝင်းအတွင်းရှိ ပတ္တမြားစေတီ စိန်ဖူးတော်မြေခတာ၊ ကျောင်းတိုက်အတွင်း မျက်နှာကြက် ပြိုကျတာနဲ့ အက်ကွဲပျက်စီးတာ စတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက် သာသနာနယ်မြေအတွင်းရှိ သူဌေးဘုရားစေတီ သတ္တဌာနဘုရားတွေ၊ သမ္ဗုဒ္ဓေစေတီတော် စတာတွေမှာ စိန်ဖူးတော်တွေ မြေခတာ၊ ကွဲအက်တာတွေလည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

မန္တလေးမြို့ခံတဦးက “အိပ်ချိန်ကြီးမှာ လှုပ်တာ အိမ်တွေလည်း ခါယမ်းကုန်တယ်။ အိမ်တော့ ဆိုးဆိုးရွာရွား ထိခိုက်တာမဖြစ်ဘူး။ တခြားအိမ်တွေတော့ အက်ကုန်တယ် ကြားတယ်”လို့ ပြောပါတယ်။

ငလျင်ကြောင့် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဖွယ်အနေရပ်ကွက်ရှိ နေအိမ်တအိမ် ဘုရားစင် ကွာကျပျက်စီးတာနဲ့ အက်ကွဲတာတွေ ဖြစ်ခဲ့ပါတယ်။

မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် ၁၅ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း တံတားဦးမြို့ အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၅ ဒသမ၂  အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တာလို့ မိုးဇလ ဌာနက သတင်းထုတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024