တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် တစ်မိုင်တောင်စခန်းနဲ့ ပုလောကုန်းရွာတို့မှာ ဒီဇင်ဘာ ၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေက ပြောပါတယ်။
ဒီဇင်ဘာ ၈ ရက် မနက် ၆ နာရီလောက်က ပုလောကုန်းရွာနဲ့ တစ်မိုင်တောင်စခန်းကို မိကျောင်းစစ်ကြောင်းက ဦးဆောင်ပြီး မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၂ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့သလို ပြည်သူ့ကာကွယ်ရေးဘက်ကလည်း ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
တိုက်ပွဲအတွင်းပါဝင်သူ တဦးက "မနက် ၆ နာရီလောက်က စဖြစ်တာ။ တိုက်ပွဲက ဖြစ်လိုက်နားလိုက်နဲ့ တနေ့လုံးပဲ။ သူတို့ဘက်ကလည်း လက်နက်ကြီးတွေနဲ့ အချက် ၅၀ ကျော် လောက် ပစ်တယ်။ ညဘက်အထိ တိုက်ပွဲဖြစ်ခဲ့တယ်" လို့ ပြောပါတယ်။
ပုလောမြို့နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ မကြာခဿဆိုသလို ဖြစ်ပွားနေတယ်လို့ သိရပါတယ်။