Home
မြန်မာသတင်း
ဘုတလင်မြို့နယ် မြိုပေါ်ရွာက နေအိမ် ၅ လုံးကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ
DVB
·
December 10, 2022
545771-Butalin-730x365

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် မြိုပေါ်ရွာက ဒေသခံ‌ပြည်သူနေအိမ် ၅ လုံးအား မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ် ဒီနေ့မနက်  မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလုံမြို့နယ် နမခတပ်အတွင်းကနေ ဘုတလင်မြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူတိုက မနေ့က မနက်ခင်းပိုင်းက စစ်ကြောင်းထိုးပြီး မိုင်းဆွဲခံရတယ်။ အဲလိုမိုင်းဆွဲခံရပြီး ဒဏ်ရာရတဲ့သူတွေကို ကျနော်တို့မြိုပေါ်ရွာအတွင်း စခန်းချဆေးကူသမှုတွေ လုပ်တယ်ဗျ။ ဒီ နေ့မနက်ကြတော့ ရွာကို မနက်ခင်း ၈ နာရီလောက် ရွာကိုမီးရှို့ပြီး ဇီးတောရွာဘက် ထပ်ပြီး စစ်ကြောင်းထိုးတယ်။ အဲလိုထိုးရင်း ထပ်ပြီးမိုင်းဆွဲခံရတယ်။ မိုင်းမိတာက ဇီးတောရွာအနီးမှာ ထပ်မိုင်းမိတာ။ အထိခိုက်ကတော့ အသေအချာ မသိရသေးဘူး။ အခုဇီးတောရွာ ဘုန်းကြီးကျောင်းမှာ စခန်းချနေတယ်။ ဒဏ်ရာရတဲ့စစ်သားတွေကို အလုံ-မုံရွာလမ်းကနေ နမခစစ်ဆေးရုံကို ပိုနေတယ်။”

ဒီဇင်ဘာ ၉ ရက်နေ့က မြို့ပေါ်ရွာအနီး မိုင်း ၂ လုံးခွဲတိုက်ခိုက်တာက ဘုတလင် Chintwin Brother ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်ကျဆုံးစာရင်းကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်က ဇီးတောရွာထဲကို အင်အား ၁၃၀ ကျော်နဲ့ ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024