ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ တိုင်းဘောလုံးကွင်းရှေ့မှာ ဒီဇင်ဘာ ၈ ရက် နေ့လယ် ၃ နာရီလောက်က YBS ၄၂ ဘတ်စ်ကားနဲ့ တက္ကစီအငှားကားတို့ တိုက်မိပြီး တက္ကစီပေါ်က အမျိုးသမီးငယ်တယောက်သေဆုံးသွားကာ တခြား အမျိုးသမီးတယောက်နဲ့ ယာဉ်မောင်းတို့ ဒဏ်ရာရသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရွှေပြည်သာဘက်ကနေ မောင်းနှင်လာတဲ့ YBS ၄၂ ယာဥ်မှာ ပုံ မှန်ယာဥ်ကြောအတိုင်းမောင်းနှင်လာပြီး ခရေပင်လမ်းခွဲအရောက် တက္ကစီက တစ်ဖက်ယာဥ်ကြောကို ကွေ့ချိန်မှာ ယာဥ်တိုက်မှုဖြစ်ခဲ့တာလို့ သွားရောက်ကူညီခဲ့သူတစ်ဦးက ကိုပြောပါတယ်။
"YBS ၄၂ က သူ့ယာဥ်ကြောအတိုင်းမောင်းလာတာ၊ တက္ကစီက တဘက်ယာဥ်ကြောကို ကွေ့တဲ့အချိန် တိုက်မိတာ တက္ကစီကားက ယာဥ်မောင်းဒဏ်ရာရတယ် အမျိုးသမီးတစ်ဦးသေတယ်၊ တစ်ဦးဒဏ်ရာရတယ်။ YBS ကားကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူး။”
ယာဥ်တိုက်မှုမှာသေဆုံးသွားတဲ့ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတစ်ယောက်နဲ့ ဒဏ်ရာရသွားတဲ့ အသက် ၄၇ နှစ်အရွယ်အမျိုးသမီးတယောက်နဲ့ ယာဥ်မောင်းဖြစ်သူတို့ကို မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပရဟိတအဖွဲ့တွေက ပို့ဆောင်ပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဆိုပါယာဥ်တိုက်မှုနဲ့ ပတ်သတ်ပြီး ယာဥ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးနေပါတယ်။