Home
မြန်မာသတင်း
မင်္ဂလာဒုံမြို့မရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရ ထိခိုက်ဒဏ်ရာရသူအချို့ရှိ
DVB
·
December 8, 2022
318243780_10159148170347913_9160652130703229860_n

ရန်ကုန်-ပဲခူးကားလမ်းမကြီးပေါ်ရှိ မင်္ဂလာဒုံမြို့မရဲစခန်းကို ဒီဇင်ဘာ ၇ ရက် ည ၈ နာရီကျော်က ဗုံးခွဲတိုက်ခိုက်ခံရပြီး ဒဏ်ရာရရှိသူတချို့ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်ခဲ့နောက်  ရဲစခန်းအရှေ့ကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

"ဗုံးက ရဲစခန်းဝင်းထဲမှာ ပေါက်တာ သေတဲ့သူမရှိဘူး။ ဒဏ်ရာရတဲ့သူရှိတယ်လို့ ကြားတယ်။ ရဲတပ်သားတွေနေမှာပေါ့။ စခန်းထဲမှာ ဆူညံနေတာပဲ။

ဗုံးပေါက်ကွဲပြီးနောက် ရဲစခန်းအတွင်း လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်နဲ့ရဲတွေဟာ လမ်းသွားလမ်းလာတွေရဲ့ ဖုန်းတွေနဲ့ ကျောပိုးလွယ်အိတ်တွေကို စစ်ဆေးနေတယ်လို့ လှည်းကူးမြို့နေသူတစ်ဦးက ပြောပါတယ်။

"ကျနော် လှည်းကူးကို ထောက်ကြန့်ကနေ တဆင့်ပြောင်းစီးရတာ ဗုံးပေါက်မှန်းလည်းမသိဘူး ထောက်ကြန့်လမ်းဆုံမှာစစ်တာ။ ဖုန်းတွေလည်းစစ်တယ် ကျောပိုးအိတ်ကိုလည်းစစ်တယ်။”

မင်္ဂလာဒုံမြို့မရဲစခန်းကို  UMCD အင်အားစုမှ တပ်ဖွဲ့တစ်ခုနဲ့ မဟာမိတ်တပ်ဖွဲ့  KMD 18 တို့ပူးပေါင်းပြီး အဝေးထိန်းလက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ ဒီဇင်ဘာ ၁ ရက်မှ ၇ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၁၁ ကြိမ်ဖြစ်ခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024