ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး သေဒဏ်ချခံရမှုအပေါ် ထိုင်းနိုင်ငံရောက် မြန်မာအဖွဲ့အစည်းတွေနဲ့ ချင်းမိုင်တက္ကသိုလ်ကျောင်းသားတွေ ပူးပေါင်းဆန့်ကျင်ဆန္ဒပြပွဲနဲ့ သရုပ်ပြပွဲတခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဘုရင်သုံးပါးရုပ်တုရှေ့မှာ ဒီဇင်ဘာ ၆ ရက် ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ကြိုးစင်နဲ့ သရုပ်ပြမှုအပါအဝင် ပါဖောမန့်တွေကို မြန်မာကျောင်းသားတွေနဲ့ ထိုင်းကျောင်းသားတွေ ပူးပေါင်းသရုပ်ဖော်ခဲ့ပြီး ကိုမင်းကိုနိုင် ရေးသားပေးပို့တဲ့ ကဗျာကို ရွတ်ဆိုခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိ အကျဉ်းချခံရပြီး သေဒဏ်ပေးခံရတဲ့ အသက် ၂၂ နှစ်အရွယ် ကျောင်းသား သူရမောင်မောင်ရဲ့ မိသားစုထံ ပေးပို့ခဲ့တဲ့ ကဗျာတပုဒ်ကိုလည်း ရွတ်ဆိုခဲ့ပါသေးတယ်။
အဆိုပါပွဲကို ချင်းမိုင်က မြန်မာအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေ၊ နိုင်ငံတကာက မီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။
သတင်း- Wai Wai ၊ ဓာတ်ပုံ - Nyein Su