ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက် မနက်ပိုင်း စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေကို ရခိုင်တိုင်းရင်းဆေးပညာနဲ့ အခမဲ့ဆေးဝါးကုသပေးနေတယ်လို့ ရခိုင်ရိုးရာတိုင်းရင်း ဆေးပညာရှင်များအသင်းကနေ သိရပါတယ်။
ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် ၄၀၀ ကျော်ကို ဒီဇင်ဘာ ၃ ရက်ကနေ ၅ ရက်အထိ ရခိုင်ရိုးရာတိုင်ရင်းဆေးပညာနဲ့ ပထမဆုံးအကြိမ် အခမဲ့ ဆေးဝါးကုသပေးခဲ့တယ်လို့ ရခိုင်ရိုးရာတိုင်းရင်းဆေးပညာရှင်များအသင်းရဲ့ တာဝန်ခံ နက္ခတဗေဒနဲ့ တိုင်းရင်းဆေး ပညာသမားတော် ဒေါက်တာ ရန်နိုင်စိုးက ပြောပါတယ်။
“ရခိုင်သမိုင်းမှာ မှတ်တမ်းတင်ခဲ့တဲ့ မြစ်ချင် ပြီးဆေးဆိုတာ ရှိတယ်။ အမြစ်တမြစ်တည်းနဲ့ ရောဂါတွေကို ကုသပေးနိုင်တာကြောင့် ထိထိရောက်ရော ကုသနိုင်တယ်။”
အဓိက ကုသပေးတဲ့ရောဂါတွေကတော့ အရိုးအကြော၊ လေဖြတ်၊ မီးယပ်၊ သူငယ်နာ၊ မျက်စိရောဂါ၊ မှိုနာ(မြစ်ပွားနာ)၊ ချောင်ဆိုးရောဂါနဲ့ ဖျားနာရောဂါတွေကို ကုသပေးနေတာလို့ သိရပါတယ်။
လက်ရှိ ကျန်းမာရေးစောင်ရှောက်မှု ခက်ခဲနေတဲ့ စစ်ဘေးရှောင်စခန်းတွေကို ဦးစားပေး ကုသနေပြီး ရှေ့ဆက်ပြီးတော့လည်း အလှူရှင်တွေရဲ့ ပံ့ပိုးမှု အားကောင်းရင် ရန်ပုံငွေ အခြေအနေပေါ် မူတည်ပြီး တခြား မြို့၊ ရွာတွေကို နယ်လှည့်ဆေးခန်းဖွင့်ကာ အခမဲ့ ဆေးဝါး ကုသပေးနိုင်အောင် စီစဥ်ထားတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီက ဆေးဝါတင်သွင်း၊ ရောင်ဝယ်ခွင့်တွေ ကန့်သတ်ခဲ့ပြီး ဆေးရုံဆေးခန်း တချို့မှာလည်း ဆေးဝါးတွေ ပြတ်လပ်နေတဲ့အတွက် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ သိရပါတယ်။