မကွေးတိုင်း ပေါက်မြို့နယ်၊ အောင်စည်သာရွာက နေအိမ် ၅၆ လုံးကို စစ်ကောင်တပ်နဲ့ ပျူစောထီးတွေက နိုဝင်ဘာ ၂၇ ရက် မနက် ၈ နာရီမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက် ညနေ ၅ နာရီ ၄၀ မိနစ်လောက်မှာ ပေါက်မြို့နယ်က ဇီပြားရဲစခန်းက ပျူစောထီး သင်တန်းနေရာကို ဒရုန်းနဲ့ အီနာဂါဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် အဲဒီစခန်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပေါင်းပြီး မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
“ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြတာ။ အဲဒီလိုမီးရှို့ဖျက်ဆီးခဲ့လို့ နွားတွေ၊ ဝက်တွေအပြင် အိမ်မွေးတိရစ္ဆာန်တွေပါ မီးထဲကိုပါသွားတယ်။”
နေအိမ် ၈၆ လုံးရှိတဲ့ အောင်စည်သာရွာဟာ ဇီးပြားရွာရဲ့ အရှေ့မြောက်ဘက် တမိုင်အကွာမှာရှိပြီး စစ်ကြောင်းလာတဲ့အတွက် ရွာသားတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၁၉ ရက်ကနေ ၂၇ ရက်အထိ စစ်ကောင်စီတပ် မီးရှို့ခဲ့လို့ အိမ်ခြေ ၇၀၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။