မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ကင်းကျေးရွာမှာ နိုဝင်ဘာ ၂၇ ရက်က ဆိုင်ကယ်မောင်းနှင်လာသူ တယောက် ကျွဲခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လမ်းမပေါ်မှာ ကျွဲနှစ်ကောင် ရန်ဖြစ်နေချိန် ဆိုင်ကယ်မောင်းနှင်လာသူကို ကျွဲက အနောက်ကနေ ခွေ့လိုက်တာကြောင့် ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး သေဆုံးတာလို့ ဒေသခံ တဦးက ပြောပါတယ်။
"ဆိုင်ကယ်မောင်းလာသူက အရက်မူးနေတာ။ ကျွဲနှစ်ကောင်ခတ်နေလို့ မသွားနဲ့ပြောတာကို သွားလိုက်တာ။ အဲဒီမှာ ကျွဲ တကောင်က နောက်ကနေ ဂျိုနဲ့ ထိုးလိုက်တာ။"
ကျွဲခတ်ခံရသူက နှာခေါင်းနဲ့ ပါးစပ်တွေကနေ သွေးထွက်လာပြီးနောက် ဆေးရုံပို့ဆောင်ချိန်မှာ သေဆုံးသွားတာလို့ သိရပါတယ်။