Home
မြန်မာသတင်း
ကေအန်ယူ သတ္တုတွင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်
DVB
·
November 22, 2022
KNU Mine attacked by SAC 2
KNU Mine attacked by SAC 1

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ သတ္တုတွင်းဖြစ်တဲ့ အမှတ် ၁ မိုင်းတွင်းနဲ့ အမှတ် ၂ မိုင်းတွင်းကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ ရက် ည ၁၂ နာရီလောက်မှာ လေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်လို့ အဆောက်အဦတချို့ ပျက်စီးသွားတယ်လို့ ကေအန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ပါတယ်။

အခုဖြစ်စဥ်မှာ လူထိခိုက်သေဆုံးတာတွေ ရှိ၊ မရှိကိုတော့ ဒူးပလာယာခရိုင်က ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

​​ပြီးခဲ့တဲ့ရက်ကလည်း ဘုရားသုံးဆူနယ်စပ်မြို့နဲ့ ၁၈ မိုင်အကွာအဝေးမှာရှိတဲ့ သပြုခဲသတ္တုမိုင်း အမှတ် ၆ လုပ်ကွက်စခန်းကို စစ်ကောင်စီတပ် ဂျက်တိုက်လေယာဥ်က ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ရာ မိုင်းစခန်းတခုလုံး ပေါက်ကွဲသွားပြီး တရုတ်နိုင်ငံသား ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ၈ ဦး စိုးရိမ်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဘက်က ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း မြေပြင်မှာ စစ်ရေးအသာစီး မရတာနဲ့အမျှ ‌လေကြောင်းကနေ ပိုမိုတိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024