မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာရှိ ပြည်သူလူထုတွေရဲ့နေအိမ်တွေကို နိုဝင်ဘာ ၂၀ ရက် ဒီနေ့မနက် ၉ နာရီ လောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
“ရွာမှာက လူ မရှိလောက်တော့ဘူး။ မနေ့ကတည်းက စစ်ကြောင်းဝင်လာတော့ ထွက်ပြေး နေကြ တာ။ ဒီနေ့ ရွာကို မီးရှို့တာ လှမ်းမြင်ရတာပဲ။”
ရွာမီးရှို့ခံရတဲ့အတွက် သုံးဆယ်ပေးရွာထဲက ပျက်စီးဆုံးရှုံးမှု အခြေအနေ ပမာဏကိုတော့ လတ်တလော မသိရသေးပါဘူး။
သုံးဆယ်ပေးရွာကို နိုဝင်ဘာ ၁၉ ရက်က ကုန်ကြောင်း၊ ရေကြောင်းတို့ကနေ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတဲ့အချိန်ကလည်း စစ်ကောင်စီတပ်က သေနတ် တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။