Home
မြန်မာသတင်း
မတ္တရာမြို့နယ် ပကဖစခန်းငယ်တခု စီးနင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၂ ဦး ကျဆုံး
DVB
·
November 17, 2022
315901753_1772822259770253_8997921050628771742_n

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မတ္တရာမြို့နယ် အပိုင် စခန်းငယ်တခု နိုဝင်ဘာ ၁၃ ရက်က စီးနင်းတိုက်ခိုက်ခံခဲ့ရပါပြီး ရဲဘော် ၂ ယောက်ကျဆုံးသွားပါတယ်။

စစ်ကောင်စီတပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကို ပြန်လည်ခုခံရင်း ရဲဘော် ၂ ဦးဖြစ်တဲ့ ရဲဘော်စိုးကြီးနဲ့ ရဲဘော်တိုက်မောင်း ကျဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မတ္တရာမြို့နယ်က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်စိုးကြီးနဲ့ ရဲဘော်တိုက်မောင်းတို့ကို အမြဲအောက်မေ့သတိရစွာနဲ့ လေးစားဂုဏ်ယူနေမှာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးပြီးဆုံးတဲ့အထိ တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စီးနင်းတိုက်ခိုက်ခံရမှုကြောင့် ရဲဘော် ၂ ဦး ကျဆုံးတဲ့အပြင် လက်နက်ငယ်တချို့လည်း စစ်ကောင်စီတပ်က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024