ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာ နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက မျှင်ဝါတောင်ကျေးရွာက ရာအိမ်မှူး တယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျှင်ဝါတောင်ကျေးရွာက ရာအိမ်မှူး မင်းထွဋ်ဆိုသူကို နယ်မြေ ရဲစခန်းနားမှာ အမည်မသိ သေနတ်သမားက သုံးချက်ထက်မနည်း ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"မျှင်ဝါးတောင် ရဲစခန်းနားမှာ ပစ်သွားတာ။ ဒဏ်ရာကတော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ဘယ်သူပစ်လဲတော့ မသိရဘူး။ သူကလည်း ရွာထဲ မျက်မုန်းကြိုးခံရတဲ့ အထဲပါတော့ ပစ်သွားတာ ဖြစ်လိမ့်မယ်။"
သေနတ်နဲ့ပစ်ခံရသူ မင်းထွဋ်ဟာ စိုးရိမ်ရဒဏ်ရာတွေကြောင့် မြန်အောင်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
သေနတ်ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်က သရက်ချောင်း၊ ဝင်္ကပါ၊ ရွာသစ်ကုန်း ၊ မျှင်ဝါးတောင် ကျေးရွာတွေမှာ စစ်ဆေးမေးမြန်းရှာဖွေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။