Home
မြန်မာသတင်း
မန္တလေး-မတ္တရာလမ်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ ငါန်းဇွန်မြို့က ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
DVB
·
November 11, 2022
313430443_1768199686899177_7379751908941656926_n

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မန္တလေး-မတ္တရာ ကားလမ်းပေါ်ရှိ ဓနသိဒ္ဓိ ကျေးရွာအနီး  တံတားဖြူမှာ  နိုဝင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က ကင်းလှည့်လာတဲ့ စစ်ကောင်စီကားတန်း မိုင်းဆွဲခံခဲ့ရပါတယ်။

မိုင်းဆွဲတိုက်ခိုက်တာကို ပုသိမ်ကြီးမြို့နယ် ပကဖ နဲ့ G-6 Stars မြို့ပြပျောက်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး ပဒေသာမိုင်း ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိတယ်လို့ ပကဖ - ပုသိမ်ကြီးမြို့နယ် က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ကလည်း စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို မန္တလေး မြို့ အရှေ့ တောင်ဘက်၊ ထုံးဘို လမ်းခွဲ၊ မင်္ဂလာ တံတားအနီးမှာ ပုသိမ်ကြီးမြို့နယ် ပကဖ နဲ့ GZP - MDY မြို့ပြပြောက်ကျားတို့ ပူးပေါင်းပြီး ပဒေသာ ၃ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ဦး ပါယာဉ်တစ်စီး ထိမှန်ပျက်စီးကာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ခြင်္သေ့လတ်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ အမျိုးသားတဦးကို နိုဝင်ဘာ ၁၀ ရက်က MN PDF တပ်ဖွဲ့နဲ့ ဇာမဏီ မြို့ပြပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းပြီး ပစ်ခတ်ခဲ့တယ်လို့ MN PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီခန့် ခြင်္သေ့လတ်ကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သန်းမြင့်ကို ပြည်သူနဲ့အတူ ပူးပေါင်းဖို့ ရည်ရွယ်ချက်နဲ့ လက်မောင်းကို သတိပေးပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

နောက် ပစ်ခတ်ခံရသူဟာ ပျူစောထီးခေါင်းဆောင် ထွန်းရင် ဆိုသူဖြစ်တယ်လို့ MN PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပျူစောထီးခေါင်းဆောင် ထွန်းရင်ဟာ စစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီး ကျေးရွာအနီးရှိ ပြည်သူတွေကို နည်းမျိုးစုံဒုက္ခပေးရုံမက အပြစ်မဲ့ပြည်သူတဦးကိုလည်း ကိုယ်တိုင် ရွာထိပ်မှာ သတ်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024