Home
မြန်မာသတင်း
ပူတာအို နမ်ဟော့အကျဥ်းထောင်တွင် နုတ်ထွက်သည့်ဝန်ထမ်း ၃၀ ခန့်ရှိလာ
DVB
·
November 2, 2022
313439962_3251388451855757_5785627581325377454_n
313420123_3251388535189082_7025734655786318697_n
312453272_3251388425189093_8173558762848629356_n

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နမ်ဟော့အကျဥ်းထောင်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကနေ ဒီနေ့အထိ ဒေသခံ အကျဥ်းဦးစီးဌာနဝန်ထမ်းတွေ နုတ်ထွက်တာ အယောက် ၃၀ လောက် ရှိပြီလို့ နုတ်ထွက်သူဝန်ထမ်းတယောက်က ပြောပါတယ်။

“နုတ်ထွက်သူ ၂၀ ကျော် ၃၀ ဦးခန့်ရှိပြီ။ ပူတာအိုအကျဥ်းဦးစီးဌာန ဝန်ထမ်းတွေ နုတ်ထွက်နေကြတာက အပြင်ထွက်ခွင့်မပေးတာ နှစ်ချီကြာပြီဖြစ်လို့ပါ။ အပြင်တခါထွက်ဖို့က ဝန်ထမ်းအချင်းချင်းတောင် အဆင့်ဆင့်သွားရတယ်။ သူတို့လက်မှတ်ရမှ အပြင်ထွက်ခွင့်ရတာ။ သတင်းအမှောင်ချတဲ့ သဘောလို့မြင်တယ်။ အပြင်မှာ ဘာဖြစ်နေလဲ မသိရဘူး။ နုတ်ထွက်သူတချို့က CDM လုပ်ကြတယ်။ တချို့က ကျောင်းတက်မယ်၊ စတဲ့အကြောင်းပြချက်နဲ့ပါ။”

ပူတာအို နမ်ဟော့အကျဥ်းထောင်မှာ နုတ်ထွက်သူများလို့ ကျန်ရှိတဲ့ ဝန်ထမ်းတွေက နေ့မနား ညမနား ဂျူတီကျနေပြီး တာဝန်ထမ်းရတယ်လို့ နုတ်ထွက်ခဲ့တဲ့ အကျဥ်းဦးစီးဌာနဝန်ထမ်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ပူတာအိုအကျဥ်းထောင်မှာတော့ ဒေသခံလူငယ်တွေ အများကြီး ဝန်ထမ်းလုပ်ကြတယ်။ စစ်ကောင်စီ အာဏာသိမ်းကတည်းက တချို့က နုတ်ထွက်ပြီး ကျန်တဲ့ ဒေသခံဝန်ထမ်းတွေလည်း နုတ်ထွက်ကုန်ကြတာပါ။ ခုတော့ အကြီးပိုင်းနဲ့ ဝန်ထမ်းတချို့လောက်ပဲ ကျန်တော့တယ်။ ကျန်တဲ့သူတွေ နေ့ညမနား တာဝန်ထမ်းဆောင်ရတယ်လို့ ကြားတယ်။”

ပူတာအို နမ်ဟော့အကျဥ်းထောင်မှာ ဒုတပ်ကြပ်ရာထူးကစပြီး ထောင်ပိုင်အထိ အောက်ပြည်ကလာတဲ့သူတွေပဲ ဖြစ်နေပြီး ပူတာအို‌ဒေသခံတွေက တပ်သားအဆင့်သာ ဖြစ်တယ်လို့ သိရပါတယ်။

ပူတာအို နမ်ဟော့အကျဥ်းထောင်မှာ စစ်ကောင်စီ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒေသခံ ရဝမ်လူငယ် ၈ ယောက် အခုချိန်ထိ မတရား ထောင်ချခံနေရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024