Home
သတင်းဓာတ်ပုံ
“မသောက်မိသော မိုးခါးရေ”ရုပ်ရှင် လော့စ်အိန်ဂျလိစ်မြို့တွင်ပြသ (ဓာတ်ပုံ)
DVB
·
October 31, 2022
313410654_491986172974067_6473652600980299634_n
313364291_491986202974064_6149272850532998014_n
313108747_491986379640713_8731694733052431338_n
311981264_491986272974057_532086467727651362_n
311826113_492017856304232_7625590305707401517_n

ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်အထူးပွဲကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ Baldwin Park Performing Arts  စင်တာမှာ အောက်တိုဘာလ ၃၀ ရက်က ပွဲစဥ် ၂ ပွဲ ရုံပြည့် ပြသခဲ့ပြီး ရန်ပုံငွေ ဒေါ်လာ ၄၀၀၀၀ ကျော်ရရှိခဲ့တယ်လို့ ပွဲစီစဉ်သူထံက သိရပါတယ်။

ဒီရုပ်ရှင်ပြပွဲမှာ အထူးအစီအစဉ်အနေနဲ့ မော်တော်ကားမဲဖောက်တာကို ပွဲစဥ် ၂ ပွဲကြားမှာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တယ်လို့လည်း ပွဲစီစဉ်သူတွေက ပြောပါတယ်။

ရုပ်ရှင်ပွဲကို အယ်လ်အေမြို့အနီးတ၀ိုက်က မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုတွေ ၆၀၀ ကျော်အပြင် အမေရိကန်မိတ်ဆွေတွေလည်း လာရောက်အားပေးခဲ့တာပါ။

ဒီပွဲမှာရန်ပုံငွေစျေးရောင်းပွဲကိုလည်း ပြုလုပ်ခဲ့ကာ ရရှိလာတဲ့ ရန်ပုံငွေတွေကို မြန်မာနိုင်ငံအနှံ့ အရေးပေါ် လိုအပ်နေတဲ့ မြို့ရွာတွေနဲ့ PDF တပ်ဖွဲ့တွေကို အမြန်ဆုံး‌ ပေးအပ်လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူတွေကဆိုပါတယ်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က တောတွင်း တနေရာမှာ iphone 11 ကင်မရာနဲ့  ရိုက်ကူးခဲ့ပြီး CDM စစ်ဗိုလ်တစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

မသောက်မိသော မိုးခါးရေ ရုပ်ရှင်ကို လတ်တလောမှာ အမေရိကား၊ လန်ဒန်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ သြစတြေးလျနဲ့ နိုင်ငံတကာမြို့ကြီးတွေမှာ လှည့်လည်ပြသနေတာ ပရိသတ်အားပေးအောင်မြင်မှုများ ရရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024