Home
မြန်မာသတင်း
ကျိုက်လတ်တွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦးနေအိမ် ဗုံးပစ်ခံရပြီးနောက် ဒေသခံ ၁၀ ဦး ဖမ်းဆီးခံရ
DVB
·
October 28, 2022
312575567_194722336358008_7354410626638460015_n

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင်တယောက်ရဲ့နေအိမ် လက်ပစ်ဗုံးနဲ့  ပစ်ခတ်ခံရအပြီး စစ်ကောင်စီတပ်က ဒေသခံ ၁၀ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျုံတုံးလက်ပံကျေးရွာအုပ်စုအလယ်၊ စုကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ဌေးဝင်းရဲ့နေအိမ်ကို အောက်တိုဘာ ၂၀ ရက် ညပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရအပြီး တပတ်အတွင်း  အခုလို ဖမ်းဆီးခဲ့တာပါ။

ရဲစခန်းအသိုင်းအဝိုင်းနဲ့ နီးစပ်သူ ဒေသခံတယောက်က “ကြံ့ခိုင်ရေး ကိုဌေးဝင်းအိမ် လက်ပစ်ဗုံးပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီတပတ်ထဲ အဖမ်းခံရတာ ၁၀ ဦးရှိပြီ။ သံသယရှိလို့ ဖမ်းတာဆိုပြီး ဖမ်းတာပါ။ ရဲစခန်းမှာ ဖမ်းထားပြီး စစ်ဆေးနေတယ်” လို့ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဝင် ပျူစောထီးခေါင်းဆောင်ဖြစ်သူ ဌေးဝင်းရဲ့နေအိမ်ကို အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက ဧရာဝတီ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် Red Dragon အဖွဲ့က ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဌေးဝင်းဆိုသူ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024