မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြေးတိုင်းကျေးရွာအနီး လောင်းကစားဒိုင်တွေဆီကနေ လိုင်းကြေးကောက်ပြန်လာတဲ့ ရဲ ၅ ယောက်ကို အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီက မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက “မိုင်း ၅ လုံး ဆွဲခဲ့တာဗျ။ ၃ ဦးကတော့ နေရာတင်သေတယ်။ ၂ ဦးကတော့ လူမှုကူညီရေးကားနဲ့ ဆေးရုံသယ်သွားတယ်။ လက်နက်တွေက မရခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒီစစ်ဆင်ရေးမှာ ကျနော့်ရဲ့ ရဲဘော်တဦးတည်း သွားမိုင်းဆွဲခဲ့တာ။ နောက်ပြီး ဒဏ်ရာရရဲတဦးက လက်နက်နဲ့ ပြန်ပစ်နိုင်သေးတယ်။ အဲဒါကြောင့် လက်နက် မကောက်ခဲ့နိုင်တာ” လို့ ပြောပါတယ်။
မြင်ခြံ Zero ပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ကို အဓိက တိုက်ခိုက်နေပြီး မန္တလေးတိုင်းအတွင်းပါ စစ်ကောင်စီကို တိုးချဲ့တိုက်ခိုက်သွားမယ်လို့လည်း အဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။