Home
မြန်မာသတင်း
လွိုင်ကော်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိ
DVB
·
October 26, 2022
312956587_2173980592774756_3842024756905143873_n

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့နယ် ဝါရီကောခူးကျေးရွာအတွင်း ဒီကနေ့ မနက် ၄ နာရီလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေကတော့ အသက် ၄၅ နှစ်အရွယ်အမျိုးသမီးတဦး၊ အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦးနဲ့ ၂၅ နှစ်အရွယ်အမျိုးသားတဦးတို့ ဖြစ်ပါတယ်။

ဒဏ်ရာရရှိသူတွေကို ရွှေလွှိုင်ကော်ပရဟိတအသင်းက လွိုင်ကော်ဆေးရုံကြီကို ပို့ဆောင်ပေးခဲ့ကြောင်း အသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လွိုင်ကော်မြို့နယ်မှာ အောက်တိုဘာ ၂၃ ရက် ည  ၉ နာရီလောက်လည်း  စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့  စစ်ရှောင်မိသားစုတစုရဲ့နေရာမှာ ကျရောက်ပြီး ဖခင်ဖြစ်သူ သေဆုံးသွားသလို နောက်နေ့မှာလည်း မိခင်ဖြစ်သူ သေဆုံးသွားတဲ့အတွက် အသက်  ၆ လသားအရွယ်နဲ့ ၈ နှစ်သားအရွယ် ကလေးနှစ်ယောက်ကတော့ ပေါင်မှာ ထိခိုက်ဒဏ်ရာနဲ့ မိဘမဲ့ဖြစ်ခဲ့ရပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီဘက်က နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရှောင်နဲ့ဒေသခံ ပြည်သူတွေနေ့စဉ်လိုလို ထိခိုက်သေဆုံးမှု ဖြစ်ပွားနေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024