စစ်ကောင်စီ တပ်မ ၆၆ လက်အောက်ခံ ခလရ - ၁ မှ တပ်သားတဦး ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) ဆီ CDM ပြုလုပ်လာတယ်လို့ ဖယ်ခုံ -PDF တပ်ရင်း ၂ က ထုတ်ပြန်ပါတယ်။
CDM ပြုလုပ်လာတဲ့ တပ်သားဟာ ခမရ-၄၂၂ မိုးဗြဲဆည် ရေထိန်းတံခါးမှာ ကင်းတာဝန်ကျစဥ် ထွက်ပြေးလာခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်နေ့ မနက်က ဖယ်ခုံ -PDF တပ်ရင်း ၂ ကို ရောက်ရှိတာလာကြောင့် ကူညီစောင့်ရှောက်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ အောက်တိုဘာ ၁၇ ရက်နေ့က မိုးဗြဲမှာ စစ်ဆင်ရေးပြုလုပ်နေတဲ့ စစ်ကောင်စီတပ် ခလရ-၁၄ မှ ရဲဘော် နှစ်ဦး CDM ပြုလုပ်လာပါသေးတယ်။
ဖယ်ခုံ-PDF တပ်ရင်း ၂ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် CDM ပြုလုပ်လာတဲ့ စစ်ကောင်စီ တပ်သားတွေကို လိုအပ်တဲ့ အကူအညီတွေ ပေးသွားမှာဖြစ်ပြီး လက်နက်ပါ ယူဆောင်လာပါက သိန်း ၅၀ ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။