Home
မြန်မာသတင်း
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ၆ လသားအရွယ် ကလေးငယ်၏ မိဘနှစ်ပါးစလုံး သေဆုံး
DVB
·
October 25, 2022
312847020_185527457333072_7528877163533540729_n

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ အောက်တိုဘာ ၂၃ ရက် ည  ၉ နာရီလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့  စစ်ရှောင်မိသားစုတစုရဲ့နေရာမှာ ကျရောက်ပြီး ဖခင်ဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

မိခင်ဖြစ်သူမှာလည်း ဦးခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး  ၆ လသားအရွယ်နဲ့ ၈ နှစ်သား အရွယ် ကလေးနှစ်ယောက်ကတော့ ပေါင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့ မိခင်ဖြစ်သူဟာလည်း  အောက်တိုဘာ ၂၄ ရက် မနေ့ ညနေ ၅ နာရီခန့်မှာ  ရရှိထားတဲ့ ဒဏ်ရာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

မိသားစုတစkတည်းက မိခင်ရော ဖခင်ပါ ဆုံးပါးသွားတဲ့အတွက်  ၆ လသားအရွယ်နဲ့ ၈ နှစ်အရွယ်သား ကလေးငယ် နှစ်ယောက်သာ ကျန်ရစ်ခဲ့ပါတယ်။

ကရင်နီ(ကယား)ပြည်နယ်မှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024