ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်အတွင်းမှာ အောက်တိုဘာ ၂၄ ရက် မနက် အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ မော်တော်ရေယာဉ် ၁ စီး တိမ်းစောင်း နစ်မြုပ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
မော်တော်ရေယာဉ်ဟာ ဧရာဝတီမြစ်ရှိ ပေါလောကျွန်းကနေ ဘိုကုန်းကျေးရွာဘက်အသွားမှာ တိမ်းစောင်းနစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့ မြို့လှ KPDF တာဝန်ရှိသူတဦးက "ခလရ ၇၈ က အင်အား ၅၀ လောက်ရှိမယ်။ ပေါလောကျွန်းကနေ ဘိုကုန်းရွာဘက်အကူးမှာ စောင်းပြီးနစ်သွားတာ။ ကသာ ဘက်ကနေ ဆန်တက်လာမယ့် စစ်ရိက္ခာတင် သင်္ဘောတွေကို လုံခြုံရေးယူပေးဖို့ စောင့်ဆိုင်းနေတဲ့ အဖွဲ့ပါ။ ရေယာဉ်နစ်မြုပ်ရင်း လက်နက်တချို့လည်း ရေထဲ ကျပျောက်တယ်လို့ သိရတယ်။ သူတို့ တပ်ဖွဲ့က သူတို့ကို အရေးယူမယ့် အနေထားရှိတယ်" လို့ ပြောပါတယ်။
ရိက္ခာတင် စစ်ရေယာဉ်တန်း သင်္ဘော ၇ စီးလောက်ဟာ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်း တလျှောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာ နေအိမ်တချို့ ထိခိုက်ပျက်စီးပြီး ဆင်ကုန်တိုင်ကျေးရွာက ၁၃ နှစ်အရွယ် မိန်းကလေးငယ် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြော