Home
မြန်မာသတင်း
မင်းကင်းမြို့နယ် လက်ပံတောရွာကို စစ်တပ်က ထပ်မံမီးရှို့၊ တရွာလုံးမီးလောင်ပြာကျ
DVB
·
October 23, 2022
312744040_3121974581358430_154935920923789080_n

စစ်ကိုင်းတိုင်း ကလေးခရိုင်၊ မင်းကင်းမြို့နယ် လက်ပံတောရွာနေအိမ်တွေကို အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာဟာ တောင်တွင်းဒေသမှာရှိတဲ့ လက်ပံတောကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့ခဲ့တာကြောင့် တရွာလုံး မီးလောင်ပြာကျသွားခဲ့ပြီလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်ပံတောရွာက နေအိမ် ၃၁ လုံးကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၃ ရက်မှာ မီးရှို့ခဲ့ပြီး ကျန်နေအိမ် ၄ လုံးကိုတော့ အောက်တိုဘာ ၂၂ ရက်မှာ ထပ်မံမီးရှို့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျသွားခဲ့ရပြီလို့ ဒေသခံ တဦးက ပြောပါတယ်။

အခုလို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျော်ရွာကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်ကာ ဒေသခံနေအိမ်တွေကို ထပ်ခါထပ်ခါ မီးရှို့နေတာကြောင့် မီးဘေးသင့်ပြည်သူ များပြားနေပြီ ဖြစ်သလို အခက်အခဲမျိုးစုံလည်း ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

မင်းကင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့မှာကြောင့် နေအိမ် ၁၂၂၄ လုံး မီးလောင်ခဲ့သလို မီးဘေးသင့်ပြည်သူများကလည်း တောတောင်တွေထဲမှာဖြစ်သလို စားသောက်နေထိုင်ရပြီး ဆေးဝါးတွေလည်း လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီပေးကြဖို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024