ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဘွန်လုန်ကျေးရွာမှာ အောက်တိုဘာ ၁၉ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်လို့ စာသင်ကျောင်းကနေ အိမ်ကိုပြန်လာတဲ့ KG-2 တက်နေကြတဲ့ ၆ နှစ်အရွယ် ယောကျ်ားလေး ၂ ယောက် ဗုံးထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် KG-2 တန်းတက်နေကြတဲ့ ၆ နှစ်အရွယ် ယောက်ျားလေး နှစ်ယောက် သေဆုံးပြီး အတူကျောင်းကနေပြန်လာတဲ့ မိန်းကလေးငယ် တယောက်လည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်” လို့ ဒေသခံက ပြောပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသားနှစ်ယောက်မှာ James Siang Za Uk (၇ နှစ်) နဲ့ Henry Bawi Za Lian (၆ နှစ်) တို့ဖြစ်ပြီး ဘွန်လုန်ကျေးရွာဟာ ဟားခါးမြို့နယ်နဲ့ မိုင် ၂၀ လောက်အကွာမှာ တည်ရှိပါတယ်။
အခင်းဖြစ်ပွားတဲ့နေ့က စစ်ကောင်စီဘက်က ဒရုန်းနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။