စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ - မန္တလေးလမ်း မြေနဲကျေးရွာအနီးတွင်မှာ အောက်တိုဘာ ၁၈ ရက် မနက် ၇ နာရီခွဲဝန်းကျင်က ဆိုင်ကယ်တစီးကို ကားတစီးက တိုက်ပြေးမှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ကားနဲ့ အတိုက်ခံရတဲ့အတွက် ဆိုင်ကယ်ပေါ်ပါ အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ဘယ်သူတွေဆိုတာ မသိရသေးပါဘူး။
မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ (မုံရွာ) က ဒဏ်ရာရ အမျိုးသားနှစ်ဦးကို ဆေးရုံကြီး အရေးပေါ်ဌာန ပို့ဆောင်ခဲ့ပေမယ့် လူနာတွေ အသက်မရှိတော့တာကြောင့် ရင်ခွဲရုံကို ဆက်လက်ပို့ဆောင်ခဲ့ရတယ်လို့ မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့ (မုံရွာ) က ထုတ်ပြန်ထားပါတယ်။