Home
မြန်မာသတင်း
တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည့် မန်တုံမြို့ကပြည်သူများ နေရပ်ပြန်
DVB
·
October 16, 2022
311605393_3245608312363089_7279656239920189809_n

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက် တိုဘာလဆန်းမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ကြရတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင် (တအာင်း) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့က ပြည်သူတွေ နေရပ်ပြန်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

"ပြီးခဲ့တဲ့ရက်ပိုင်းက အခြေအနေလေ့လာတဲ့အနေနဲ့ မြို့ကို တယောက်စ၊ နှစ်ယောက်စ ပြန်ကြတယ်။ မြို့တွင်းတိုက်ပွဲလည်း မဖြစ်တော့ဘူး၊ အခြေအနေလည်း နည်းနည်းကောင်းလာလို့ အခုဆို အားလုံးနီးပါပြန်ကြပြီ"လို့ ဒေသခံတဦးက ပြောပါတယ်။

ပလောင်ဇ(တအာင်း)ဒေသ၊ မန်တုံမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF)ပူး ပေါင်းတပ်တို့က ​မန်တုံစခန်းနဲ့ ထွေအုပ်ဝန်ထမ်းနေအိမ်တလုံးကို ပစ်ခတ်ဖျက်ဆီးခဲ့သလို မန်တုံမြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

"KIA၊ PDF ပူးပေါင်းအဖွဲ့က စစ်တပ်ကို လာတိုက်တယ်။ စစ်တပ်က သူ့ကို လာပစ်တော့ လက်နက်ကြီးတဲ့ ပြန်ထုတာ ရပ်ကွက်ထဲက အိမ်တွေကို ထိမှန်ပျက်စီးတာရှိတယ်။ ရဲစခန်းနဲ့ ထွေအုပ်နေအိမ်တလုံးကိုလည်း KIA၊ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ် ဖျက်ဆီးခဲ့တယ်။ ဒီတော့ ပြည်သူတွေက တိမ်းရှောင်ကြတယ်။ အခုတော့ အများစုက ပြန်နေပါပြီ" လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အောက်တိုဘာလဆန်းပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်နဲ့ မန်တုံမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ပြည်သူ ၁၀၀၀ ဝန်းကျင် စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

အဲ့ဒီလိုပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေစဥ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နမ္မတူမြို့နယ် ဆင်လီရွာက နေအိမ်၊ စျေးဆိုင်ခန်းတွေကို ဖျက်ဆီးဝင်ရောက်ပြီး အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားသလို ပြည်သူပိုင် ကားနဲ့ ဆိုင်ကယ်တွေကို မီးရှိုဖျက်ဆီးကာ ကျွဲနဲ့ နွားတွေကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မန်တုံမြို့တွင်းမှာ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က လက်ရှိ မြို့တွင်းတိုက်ပွဲ မဖော်ပေမယ့် အဝေးကနေ စစ်ကောင်စီတပ်ရင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတာ​ကြောင့် တိုက်ပွဲထပ်မံဖြစ်ပွားမှာကို ပြည်သူတွေ စိုးရိမ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024