Home
မြန်မာသတင်း
ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ ‌‌ ရေယာဉ်တန်း တိုက်ခိုက်ခံရ
DVB
·
October 16, 2022
489119-Chaung-U-730x365

မုံရွာမြို့ အလုံ မင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ရေယာဉ်တန်းကို အောက်တိုဘာ ၁၅ ရက် မနက် ၁၁ နာရီက ဒေသ ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ရေယာဉ်တန်းမှာ စစ်သင်္ဘော ၂ စီးနဲ့ ပလက်ခွံရေယာဉ် ၁ စီးတို့ပါဝင်ပြီး လက်နက် အပြည့်စုံတပ်ဆင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား အများပြားလိုက်ပါလာတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က Farmers Revolution Force ( မုံရွာခရိုင် ) အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"မင်းဒေါင့်ဆိပ်ကမ်းကနေ လော်စပီကာနဲ့ မိုက်တယ်ဆိုတဲ့ PDF တွေ ထွက်ခဲ့ဆိုပြီး ချင်းတွင်း မြစ်ကြောင်းတလျှောက်အော်ပြီး စုန်ဆင်းလာတာ။ ပြောရရင် သူတို့ဘက်က အင်အားများတယ် ဆိုပြီး စိန်ခေါ်လာတာပေါ့ဗျာ။  သူတို့ ထွက်ခဲ့ဆိုလို့ မိုင်းနဲ့ ထွက်ပြလိုက်တာပါ။" 

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား အများပြားနဲ့အတူ ရှေ့ဆုံးက ထွက်ခွာလာတဲ့ ပလက်ခွံရေယာဉ်ကို နှစ်နေရာခွဲကာ မိုင်း ၅ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရေယာဉ်ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ‌‌စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးမှုအခြေနေကို စုံစမ်းနေဆဲဖြစ်ပြီး ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့ကတော့ တစုံတရာထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၁၄ ရက် နေ့လယ်ပိုင်းကလည်း မင်းကင်းမြို့နယ်မှ မုံရွာမြို့ဘက် ချင်းတွင်းမြစ်ကြောင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၂ စီးကို ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက ၃ နေရာခွဲပြီး ပစ်ခတ်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်င်္ဘော ၁ စီး RPG လက်နက် ကျည် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024