ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီလောက်က ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟင်္သာရုပ်အဝိုင်းအနီး အစ္စလာမ်သချိုင်းနားမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ယာဉ်ထိန်းရဲ ၂ ယောက် ဒဏ်ရာပြင်းထန်တာကြောင့် အရေးပေါ်ကားနဲ့ လာခေါ်သွားတာ တွေ့တယ်လို့ မျက်မြင်တွေ့သူတယောက်က ပြောပါတယ်။
“ဗုံးထပေါက်တာ ယာဉ်ထိန်းတွေထိသွားတယ်။ အားလုံးထိတာ ၄ ယောက်၊ အဲ့အထဲက ၂ ယောက်ကတော့ အခြေအနေမကောင်းဘူး။ ကျန်တဲ့ ၂ ယောက်က ပွန်းပဲ့ဒဏ်ရာ ရတာလောက်ပဲရှိတယ်။ ခုတော့ လာခေါ်သွားပြီ။”
ဟင်္သာရုပ်နား ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ အတိအကျ မသိရသေးသလို လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာ တွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။